MENU

Deep Blue Sea 3 (2020)

Release date
29 July 2020 (France)
Genre
Action, Horror, Sci-Fi
Director
John Pogue
Stars
Tania Raymonde, Nathaniel Buzolic, Emerson Brooks
တရုတ္ ႏွင့္ အဂၤလိပ္စာသားျဖင့္ ၾကည့္ရန္
ျမန္မာစာသားျဖင့္ ၾကည့္ရန္
Deep Blue Sea 3 (2020) on IMDb
Unicode

    ငါးမန်းဆိုကတည်းက အကောင်ကြီးကြီး ချွန်ထက်တဲ့ သွားတွေ သွေးညှီနံ့ရပြီဆိုတာနဲ့ သဲကြီးမဲကြီး မြင်ရာကို ကိုက်ချီစုတ်ဖြဲတတ်တဲ့ သတ္တဝါဆိုပြီးတန်းတွေးမိစေမယ့် ကြောက်စရာ ရေနေအကောင်ကြီးတွေမဟုတ်လား။အဲ့ဒါကိုမှ အန္တရာယ်ကိုမြင်တတ်ရှောင်တတ် လူတွေလိုပါ တွေးတတ်ခေါ်တတ်လာခဲ့ရင် ကျားကိုအတောင်ပံတပ်ပေးလိုက်သလိုဖြစ်တော့မှာပါပဲ။ ဒီလိုဆို သူတို့ပိုင်နက်ထဲကို ကျူုးကျော်ရန်စလာတဲ့ လူတွေအတွက်တော့ မတွေးဝံ့စရာအခြေအနေတစ်ခုဖြစ်လာပါပြီ။ဒီလိုငါးမန်းတွေ ပါတဲ့ ရုပ်ရှင်တစ်ကား ၁၉၉၉ တုန်းက ထွက်ရှိခဲ့ပြီး အခုချိန်ထိ မသိသူမရှိအောင်မြင်ခဲ့ပါတယ်။အဲ့ဒါကတော့ Deep Blue Sea ပါ။နှစ်ပေါင်းများစွာကြာအပြီး ၂၀၁၈ မှာ သူ့အရှိန်နဲ့ အပိုင်းနှစ်ထွက်ခဲ့ပေမယ့် အတော်ချာခဲ့ပါတယ်။ အခု ဒီကားကတော့ အောင်မြင်ခဲ့တဲ့ နံပါတ်တစ်ရဲ့ အငွေ့အသက်တွေကိုပြန်ရသလို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပြီလို့လဲဆိုကြပါတယ်။ တကယ်လဲ ပတ်တူးတုန်းကထက် အများကြီးပိုကောင်းလာပါတယ်။ဒေါက်တာအမ်မာကောလင်းနဲ့ သူ့အဖွဲ့ဟာ လစ်တယ်လ်ဟက်ပီးဆိုတဲ့လူလုပ်ကျွန်းငယ်လေးပေါ်မှာနေထိုင်ပြီး နှစ်စဉ် မွေးဖွားဖို့လာရောက်ကြတဲ့ငါးမန်းဖြူတွေအပေါ်ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ရဲ့သက်ရောက်မှုကိုလေ့လာကြပါတယ်။သူတို့ရဲ့ ငြိမ်းချမ်းနေတဲ့ဘဝလေးကို လာဖျက်ဆီးသူတွေကတော့ သူ့ရည်းစားဟောင်း ပင်လယ်ဇီဝပညာရှင် ရစ်ချတ်နဲ့ အပေါင်းအပါတွေ ဘူးလ် ငါးမန်းသုံးကောင် ပျောက်ဆုံးလို့လာရှာရာကနေစပါတယ်။အဲ့ဒီငါးမန်းသုံးကောင်ဟာ ရိုးရိုးငါးမန်းတွေမဟုတ်ပဲ သိပ္ပံစမ်းသပ်မှုတစ်ခုကနေဖန်တီးထားတဲ့ ဗီဇပြောင်းလဲအဆင့်မြှင့်ထားတဲ့ အာရုံခံနိုင်စွမ်း တွေးခေါ်နိုင်စွမ်းတွေအပြင် ခွန်အားအနေနဲ့ပါ ပုံမှန်ထက် သာလွန်နေတဲ့ ကျားကိုအတောင်ပံတပ်ထားသလို ကြောက်စရာအဖျက်လက်နက်ကြီးတွေပါပဲ။တကယ်လို့ အဲ့ဒီသုံးကောင်ကနေ မျိုးပွားခဲ့မယ်ဆိုရင် ထပ်ပွားလာမယ့်မျိုးဆက်တွေဟာ သမုဒ္ဒရာတစ်ခုလုံးက သက်ရှိတွေကို ဖျက်ဆီးနိုင်တဲ့အထိ အန္တရာယ်ကြီးနေတဲ့အခါ…

Zawgyi

    ငါးမန္းဆိုကတည္းက အေကာင္ႀကီးႀကီး ခြၽန္ထက္တဲ့ သြားေတြ ေသြးညႇီနံ႔ရၿပီဆိုတာနဲ႔ သဲႀကီးမဲႀကီး ျမင္ရာကို ကိုက္ခ်ီစုတ္ၿဖဲတတ္တဲ့ သတၱဝါဆိုၿပီးတန္းေတြးမိေစမယ့္ ေၾကာက္စရာ ေရေနအေကာင္ႀကီးေတြမဟုတ္လား။အဲ့ဒါကိုမွ အႏၲရာယ္ကိုျမင္တတ္ေရွာင္တတ္ လူေတြလိုပါ ေတြးတတ္ေခၚတတ္လာခဲ့ရင္ က်ားကိုအေတာင္ပံတပ္ေပးလိုက္သလိုျဖစ္ေတာ့မွာပါပဲ။ ဒီလိုဆို သူတို႔ပိုင္နက္ထဲကို က်ဴုးေက်ာ္ရန္စလာတဲ့ လူေတြအတြက္ေတာ့ မေတြးဝံ့စရာအေျခအေနတစ္ခုျဖစ္လာပါၿပီ။ဒီလိုငါးမန္းေတြ ပါတဲ့ ႐ုပ္ရွင္တစ္ကား ၁၉၉၉ တုန္းက ထြက္ရွိခဲ့ၿပီး အခုခ်ိန္ထိ မသိသူမရွိေအာင္ျမင္ခဲ့ပါတယ္။အဲ့ဒါကေတာ့ Deep Blue Sea ပါ။ႏွစ္ေပါင္းမ်ားစြာၾကာအၿပီး ၂၀၁၈ မွာ သူ႔အရွိန္နဲ႔ အပိုင္းႏွစ္ထြက္ခဲ့ေပမယ့္ အေတာ္ခ်ာခဲ့ပါတယ္။ အခု ဒီကားကေတာ့ ေအာင္ျမင္ခဲ့တဲ့ နံပါတ္တစ္ရဲ႕ အေငြ႕အသက္ေတြကိုျပန္ရသလို လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္လာၿပီလို႔လဲဆိုၾကပါတယ္။ တကယ္လဲ ပတ္တူးတုန္းကထက္ အမ်ားႀကီးပိုေကာင္းလာပါတယ္။ေဒါက္တာအမ္မာေကာလင္းနဲ႔ သူ႔အဖြဲ႕ဟာ လစ္တယ္လ္ဟက္ပီးဆိုတဲ့လူလုပ္ကြၽန္းငယ္ေလးေပၚမွာေနထိုင္ၿပီး ႏွစ္စဥ္ ေမြးဖြားဖို႔လာေရာက္ၾကတဲ့ငါးမန္းျဖဴေတြအေပၚရာသီဥတုေျပာင္းလဲမႈျဖစ္စဥ္ရဲ႕သက္ေရာက္မႈကိုေလ့လာၾကပါတယ္။သူတို႔ရဲ႕ ၿငိမ္းခ်မ္းေနတဲ့ဘဝေလးကို လာဖ်က္ဆီးသူေတြကေတာ့ သူ႔ရည္းစားေဟာင္း ပင္လယ္ဇီဝပညာရွင္ ရစ္ခ်တ္နဲ႔ အေပါင္းအပါေတြ ဘူးလ္ ငါးမန္းသုံးေကာင္ ေပ်ာက္ဆုံးလို႔လာရွာရာကေနစပါတယ္။အဲ့ဒီငါးမန္းသုံးေကာင္ဟာ ႐ိုး႐ိုးငါးမန္းေတြမဟုတ္ပဲ သိပၸံစမ္းသပ္မႈတစ္ခုကေနဖန္တီးထားတဲ့ ဗီဇေျပာင္းလဲအဆင့္ျမႇင့္ထားတဲ့ အာ႐ုံခံႏိုင္စြမ္း ေတြးေခၚႏိုင္စြမ္းေတြအျပင္ ခြန္အားအေနနဲ႔ပါ ပုံမွန္ထက္ သာလြန္ေနတဲ့ က်ားကိုအေတာင္ပံတပ္ထားသလို ေၾကာက္စရာအဖ်က္လက္နက္ႀကီးေတြပါပဲ။တကယ္လို႔ အဲ့ဒီသုံးေကာင္ကေန မ်ိဳးပြားခဲ့မယ္ဆိုရင္ ထပ္ပြားလာမယ့္မ်ိဳးဆက္ေတြဟာ သမုဒၵရာတစ္ခုလုံးက သက္ရွိေတြကို ဖ်က္ဆီးႏိုင္တဲ့အထိ အႏၲရာယ္ႀကီးေနတဲ့အခါ…

0 comments:

Post a Comment

Copyright. All rights reserved. Designed By TemplateSilk